မင်္ဂလာပါ ဆရာ၊ဆရာမတို့ရေ…
COPE ရဲ့ Bridge Leadership Fellowship (ဒုတိယအကြိမ်မြောက်) အစီအစဉ်အတွက် လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။
ဤ Fellowship သည် မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေနှင့် အံဝင်ခွင်ကျဖြစ်စေရန် အထူးဒီဇိုင်းဆွဲထားပြီး အားလုံးပါဝင်နိုင်သည့် ပညာရပ်ဝန်းကို ဖော်ဆောင်နိုင်သော ဒေသခံခေါင်းဆောင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပါသည်။ ယခု Fellowship တွင် အတွေ့အကြုံရှိပြီး မြန်မာ့ပညာရေးနှင့် အားလုံးပါဝင်သော ပညာရေး (Inclusive Education) ကဏ္ဍတွင် ကျွမ်းကျင်သော ဆရာ၊ ဆရာမများမှ ဦးဆောင်ဆွေးနွေးသွားမည် ဖြစ်ပါသည်။
🟡 သင်တန်းအကြောင်းအနှစ်ချုပ်
✅ ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုများ မြှင့်တင်ခြင်း၊
✅ အားလုံးပါဝင်သော ပညာရေးစနစ်အတွက် လက်တွေ့ကျသည့် နည်းလမ်းများ ရှာဖွေခြင်း၊
✅ သင်တန်းကာလ – ၅ ပတ် (ဇွန်လ ၂၁ ရက်မှ ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၆ အထိ)
✅ သင်ယူမှုပုံစံ – အွန်လိုင်း (Zoom)
🟡 ဘယ်သူတွေ လျှောက်ထားနိုင်မလဲ။
• ကျောင်းအုပ်ကြီးများ၊ ဒု-ကျောင်းအုပ်ကြီးများ၊
• ကျောင်း/မြို့နယ်အဆင့် ပညာရေးခေါင်းဆောင်များ၊
• လူထုအခြေပြု ပညာရေးစီမံခန့်ခွဲသူများနှင့်
• ပညာရေးခေါင်းဆောင်မှုကဏ္ဍတွင် စိတ်ဝင်စားမှုရှိသည့် လူငယ်ခေါင်းဆောင်များ
လျှောက်ထားနိုင်ပါသည်။
🟡 ဘာတွေလိုအပ်မလဲ?
• သင်တန်းကာလ ၅ ပတ်လုံး တက်ရောက်နိုင်ရန်၊
• ကြိုတင်ပြင်ဆင်မှုများ၊ သင်တန်းချိန်အတွင်း တက်ကြွစွာပါဝင်ရန်နှင့် ပြန်လည်ဆွေးနွေးမှုများတွင် ပါဝင်ရန်၊
• မြန်မာနိုင်ငံ၏ အားလုံးပါဝင်သော ပညာရေးစနစ်အတွက် စိတ်အားထက်သန်မှုနှင့် ရှင်းလင်းသော ရည်မှန်းချက်ထားရှိသူ
🟡 သင်တန်းရက်စွဲ နှင့် အချိန်
• ဇွန်လ ၂၁ရက်၊ ညနေ (၈:၀၀ – ၁၀:၀၀)နာရီ
• ဇွန်လ ၂၈ရက်၊ ညနေ (၅:၀၀ – ၇:၀၀)နာရီ
• ဇူလိုင်လ ၅ရက်၊ ညနေ (၇:၀၀ – ၉:၀၀)နာရီ
• ဇူလိုင်လ ၁၂ရက်၊ ညနေ (၇:၀၀ – ၉:၀၀)နာရီ
• ဇူလိုင်လ ၁၉ရက်၊ ညနေ (၇:၀၀ – ၉:၀၀)နာရီ
[မှတ်ချက်။ ။ အချိန်များမှာ မြန်မာစံတော်ချိန်ဖြစ်သည်။]
🟡 သင်တန်းကြေး
COPE Bridge Leadership Fellowship၏ ယခုသင်တန်းကြေးမှာ အခမဲ့ ဖြစ်ပါသည်။
📌 လျှောက်လွှာပိတ်ရက်
ဇွန်လ ၁၇၊ ၂၀၂၆ (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန် ည ၉:၀၀ နာရီ။
❗မှတ်ချက်။ လူဦးရေအကန့်အသတ် (၁၅ ဦးသာ) ရှိသဖြင့် စိတ်ဝင်စားသူများ အမြန်ဆုံး လျှောက်ထားနိုင်ပါသည်။
🔗 ဘယ်လိုလျှောက်ထားမလဲ။
ဤလင့်ခ်မှတဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါသည် [https://lnkd.in/gjcGrssy]
✨ သင်တန်းနည်းပြများ
👩🏻🏫 ဆရာမ မေမေဝင်း သည် ပညာရေးဆိုင်ရာ အတိုင်ပင်ခံတစ်ဦးဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေသူဖြစ်သည်။ Lancaster University တက္ကသိုလ်မှ M.A (TESOL) ဘွဲ့ရရှိထားသူဖြစ်သည်။
👨🏻🏫 ဆရာWai Yan Htut သည် SayaLay Classroom ၏တည်ထောင်သူဖြစ်ပြီး M.A Applied English Studies (KMUTT) ဘွဲ့ရရှိထားကာ CELTA နှင့် TESOL ကဏ္ဍတို့တွင် လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်သည်။
👩🏻🏫 ဆရာမသိမ်မွေ့ရည် သည် ပညာရေးခေါင်းဆောင်မှု၊ အင်္ဂလိပ်စာနည်းပြနှင့် ဆရာလေ့ကျင့်ပေးသူဖြစ်သည်။ Lehigh University မှ M.Ed ဘွဲ့ရရှိထားပြီး ပညာရေးကဏ္ဍတွင် ၁၀ နှစ်ကျော် အတွေ့အကြုံရှိသူဖြစ်သည်။
👨🏻🏫 ဆရာThu Ta သည် COPE တည်ထောင်သူဖြစ်ပြီး University of Oregon မှ M.Sc (Educational Leadership) ဘွဲ့ရရှိထားကာ ပညာရေးကဏ္ဍတွင် ၁၅ နှစ်ကျော် အတွေ့အကြုံရှိသူဖြစ်သည်။
📧 အီးမေးလ်: contact@cope.edu.org
